ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်ထဲက အထည်ချုပ်စက်ရုံ တစ်ရုံ မီးလောင်မှုကို ၂၄ နာရီကျော်ကြာ ငြှိမ်းသတ်ခဲ့ရတာက မီးသတ်သမားတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေအတွက် ထူးခြားဖြစ်စဥ်ဖြစ်ခဲ့ပြီး လုပ်ငန်းခွင်ဘေးကင်းရေး စက်ရုံတွေရဲ့အစီအမံအပိုင်းမှာလည်း မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။