Credit to Popular Journal - ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ ငမိုးရိပ်လမ်းရှိ ဖော့စက်ရုံ၌ ယနေ့ ဖေဖော်ဝါရီ ၂၆ ရက်နံနက် ၁၁ နာရီ ၄၆ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့ဝင်များနှင့် အ ရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက Level 1 အဆင့်ဖြင့်ငြှိမ်းသတ်ခဲ့ကြသဖြင့် မွန်းတည့် ၁၂ နာရီ ၄၈ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ အဆိုပါ မီးလောင်မှုသည် စက်ရုံရှေ့တွင်စုပုံထားသော ဖော့ဘူး၊ စက္ကူပုံးများလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ပင်မစက်ရုံသို့ကူးစက်လောင်ကျွမ်းခဲ့ခြင်းမရှိကြောင်း သိရသည်။ ထို့ကြောင့် စတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။ The post ဝါးတရာစက်မှုဇုန်ရှိ ဖော့စက်ရုံ၌ Level 1 အဆင့်မီး လောင်မှု တစ်နာရီကျော်ကြာငြှိမ်းသတ်ခဲ့ရ appeared first on Popular .