Credit to Popular Journal - ကမ္ဘာ့အမွေအနှစ်ဒေသဖြစ်သည့် ပုဂံတွင် ရှေးဟောင်းကျောက်စာများ ပျက်စီးမှုများ တိုးမြင့်လာနေသဖြင့် မှတ်တမ်းတင်ထိန်းသိမ်းနိုင်ရန် Reflectance Transformation Imaging (RTI) စနစ်ဖြင့် မှတ်တမ်းတင်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။ အဆိုပါ ကျောက်စာများမှာ နှစ်ကာလကြာမြင့်စွာ တည်ရှိနေခဲ့ခြင်းကြောင့် ကြံ့ခိုင်မှု လျော့နည်းလာခြင်း၊ သဘာဝရာသီဥတုဒ-ဏ်ခံရခြင်းနှင့် ပွန်းတီးပျ-က်စီးမှုများ ဖြစ်ပေါ်လာလျက်ရှိသည်။ ထိုသို့ ပျ-က်စီးမှုများကြောင့် ရေးထွင်းထားသည့် စာလုံးများ မရှင်းလင်းတော့သည့်အခြေအနေများ ဖြစ်ပေါ်လာနိုင်သဖြင့် ခေတ်မီနည်းပညာတစ်ရပ်ဖြစ်သော RTI စနစ်ကို အသုံးပြုကာ အသေးစိတ်ဓာတ်ပုံမှတ်တမ်းတင်ခြင်းများ ပြုလုပ်နေခြင်းဖြစ်သည်။ လုပ်ငန်းဆောင်ရွက်ရာတွင် ပထမဦးစွာ ကျောက်စာများအား သန့်ရှင်းရေးပြုလုပ်ပြီး RTI စနစ်ဖြင့် အသေးစိတ်ဓာတ်ပုံများ ရို-က်ကူးကာ ရရှိလာသော ဓာတ်ပုံများကို RTI Builder Software ဖြင့် Processing ပြုလုပ်ကြောင်း […] The post ပုဂံရှိ ရှေးဟောင်းကျောက်စာများကို RTI နည်းပညာဖြင့် မှတ်တမ်းတင်ထိန်းသိမ်းမှု ဆောင်ရွက်နေ appeared first on Popular .