လျှို့ဝှက်လက်နက်သစ်များနှင့် ဂြိုဟ်တုဖျ-က်နည်းပညာများ ထုတ်ဖော်မည်ဟု ကင်ဂျုံအန်း ကြေညာ

Credit to Popular Journal - မြောက်ကိုရီးယားနိုင်ငံသည် လာမည့် ၅ နှစ်တာကာလအတွင်း လျှို့ဝှက်လက်နက်သစ်များကို တီထွင်ထုတ်လုပ်ပြီး တပ်ဖြန့်ချထားနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံ၏အကြီးအကဲ ကင်ဂျုံအန်း က ပြောကြားလိုက်သည်။ ကိုရီးယားအလုပ်သမားပါတီ၏ (၉) ကြိမ်မြောက် ကွန်ဂရက်အတွင်း ကင်ဂျုံအန်းက “ပါတီဗဟိုစစ်ကော်မရှင်အနေနဲ့ ကျွန်ုပ်တို့ရဲ့ တပ်မတော်ကို လျှို့ဝှက်ပြီး ထူးခြားတဲ့ မဟာဗျူဟာမြောက် လက်နက်သစ်တွေ တပ်ဆင်ပေးနိုင်ဖို့ အဓိကရည်မှန်းချက်တွေကို ချမှတ်ထားပါတယ်။ နယ်ပယ်အသီးသီးက ကာကွယ်ရေးစီမံကိန်းအသစ်တွေကို သေချာစိစစ်ပြီး ရေရှည်စီမံကိန်းတွေကို တာဝန်ယူအတည်ပြုပေးခဲ့ပြီးဖြစ်ပါတယ်” ဟု ဆိုသည်။ မြေပြင်နှင့် ရေငုပ်သင်္ဘောများမှ ပ-စ်ခတ်နိုင်သည့် တို-က်ချင်းပ-စ် ပဲ့ထိန်းဒုံးကျည် (ICBM) စနစ်များ၊ AI စနစ်သုံး လူမဲ့တို-က်ခိုက်ရေးယာဉ်များ၊ စစ်ပွဲဖြစ်ပွားပါက ရန်သူ့ဂြိုဟ်တုများကို ပ-စ်မှတ်ထားတိုက်ခိုက်မည့် အထူးလက်နက်များနှင့် အီလက်ထရွန်နစ်စစ်ဆင်ရေးစနစ်များနှင့် အဆင့်မြင့် ထောက်လှမ်းရေးဂြိုဟ်တုများကို စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သူက အသေးစိတ်ပြောကြားခဲ့သည်။ ရန်သူများကို […] The post လျှို့ဝှက်လက်နက်သစ်များနှင့် ဂြိုဟ်တုဖျ-က်နည်းပညာများ ထုတ်ဖော်မည်ဟု ကင်ဂျုံအန်း ကြေညာ appeared first on Popular .