အခမ်းအနားအစီအစဥ်(၁၈)ရပ်ဖြင့် မတ် ၂၀ ရက်တွင်စတင်ကျင်းပမည့် ပဲခူးတိုင်းလွှတ်တော်

Credit to Popular Journal - တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်၏ ပထ မပုံမှန်အစည်းအဝေးအား မတ် ၂၀ ရက်တွင် အခမ်းအနားအစီအစဥ်(၁၈)ရပ်ဖြင့်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ကျင်းပနိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနေရာချထားမှု၊ အသံစနစ်များ၊ မဲပေးသည့်စနစ်များနှင့် လုံခြုံရေးကင်မရာများတပ်ဆင်ထားမှု၊ သက်ဆိုင်ရာရေးရာကော်မတီများအလိုက် အစည်းအဝေးခန်းများပြင်ဆင်ထားမှုနှင့် လွှတ်တော်ကိုယ်စားလှယ်အိပ်ဆောင်များအဆင်သင့်ပြင်ဆင်ထားမှုတို့ကို ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းမှ ယနေ့ ဖေဖော်ဝါရီ ၂၆ ရက်ညနေပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များ စတင်ရောက်ရှိချိန်မှစ၍ နေထိုင်စားသောက်ရေးအဆင်ပြေစေရန်၊ ရေမီးပြည့်စုံမှုရှိစေရေးပြင်ဆင်ထားရန်၊ လွှတ်တော်ကိုယ်စားလှယ်များ၏ လက်ဆွဲစာဆောင်များ တစ်ပါတည်းဝေငှပေးထားရန်၊ မေးခွန်းမေးမြန်းခြင်းနှင့် အဆိုတင်သွင်းခြင်းစသည့် လွှတ်တော်ဆိုင်ရာကိစ္စများ ရှင်းလင်းစွာသိရှိနိုင်ရေးကြိုတင်ပြင်ဆင်ထားရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။ The post အခမ်းအနားအစီအစဥ်(၁၈)ရပ်ဖြင့် မတ် ၂၀ ရက်တွင်စတင်ကျင်းပမည့် ပဲခူးတိုင်းလွှတ်တော် appeared first on Popular .