Credit to Popular Journal - မြန်မာ-ရုရှား နှစ်နိုင်ငံကြား ငြိမ်းချမ်းသောရည်ရွယ် ချက်များဖြင့် ပြင်ပအာကာသစူးစမ်းလေ့လာရေးနှင့် အသုံးပြုမှုနယ်ပယ်တွင်ပူးပေါင်းဆောင်ရွက်ရေးကိုဆွေးနွေး နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားနိုင်ငံ “Roscosmos” နိုင်ငံပိုင်ကော်ပိုရေးရှင်း၏ အထွေထွေညွှန်ကြားရေးမှူးချုပ် Mr. Dmitry V. Bakanov တို့ ယနေ့ ဖေဖော်ဝါရီ ၂၆ ရက်နံ နက်ပိုင်းက နေပြည်တော်၌ တွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဥ် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံကြား အာကာသနည်းပညာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ရုရှားနိုင်ငံ “Roscosmos” နိုင်ငံပိုင်ကော်ပိုရေးရှင်းနှင့် မြန်မာအာကာသအေဂျင်စီတို့ကြား ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်လျက်ရှိမှု၊ မြန်မာနိုင်ငံ၏ အာကာသဆိုင်ရာနည်းပညာအသုံးပြုမှုများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးကြိုးပမ်းဆောင်ရွက်လျက်ရှိမှုတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် မြန်မာနိုင်ငံနှင့် ပြည်သူလူထု၏အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်မည့် ဂြိုဟ်တုလွှတ်တင်ရေးဆိုင်ရာများ၊ မြန်မာနိုင်ငံအတွက်လိုအပ်သည့် အာကာသနည်းပညာဆိုင်ရာ လူသားအရင်းအမြစ်များပိုမိုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ၊ ဂြိုဟ်တုဆက်သွယ်ရေးနည်းပညာများတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။ ထို့အတူ အာကာသပြတိုက် (ရန်ကုန်) ကို […] The post နိုင်ငံတော် ယာယီသမ္မတနှင့် ရုရှားနိုင်ငံ “Roscosmos” နိုင်ငံပိုင်ကော်ပိုရေးရှင်း၏ အထွေထွေညွှန်ကြားရေးမှူး ချုပ်တို့တွေ့ဆုံ appeared first on Popular .