Credit to Popular Journal - လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအ ထွေထွေရွေးကောက်ပွဲအား အပိုင်း(၃)ပိုင်းခွဲ၍ကျင်းပခဲ့ရာတွင် လူငယ်များဆန္ဒမဲပေးမှုများပြားခဲ့ကြောင်း သိရသည်။ ထို့ပြင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်များစာရင်း၌ လူ ငယ်များပါဝင်မှုရာခိုင်နှုန်းမြင့်မားခဲ့ကာ ဆန္ဒမဲပေးခဲ့ကြသည့် (၅၄ဒသမ ၂၂)ရာခိုင်နှုန်းတွင်လည်း လူငယ်များဆန္ဒမဲပေးမှုများပြားခဲ့သဖြင့် လူငယ်များနိုင်ငံ့အ ရေးကိုပိုမိုစိတ်ဝင်စားမှုရှိလာကြောင်း သိရသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ထုတ်ပြန်ချက်အရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်(၂၄ ဒသမ ၂၂) သန်းအနက် အသက်(၁၈)နှစ်မှ (၃၀)နှစ်ကြား(၂၄)ရာ ခိုင်နှုန်း၊ အသက်(၃၀)နှစ်မှ (၄၀)နှစ်ကြား (၂၁)ရာခိုင် နှုန်း၊ အသက်(၄၀)နှစ်မှ (၅၀)နှစ်ကြား (၂၀)ရာခိုင်နှုန်း ၊ အသက်(၅၀)နှစ်မှ (၆၀)နှစ်ကြား (၁၇)ရာခိုင်နှုန်း၊ အ သက် (၆၀)နှစ်မှ (၇၀)နှစ်ကြား (၁၁)ရာခိုင်နှုန်း၊ အ သက်(၇၀)နှစ်အထက် (၇)ရာခိုင်နှုန်းရှိကြောင်း သိရသည်။ The post ရွေးကောက်ပွဲတွင် လူငယ်များဆန္ဒမဲပေးမှုများပြားခဲ့လူငယ်များနိုင်ငံ့အရေးကိုပိုစိတ်ဝင်စားလာ appeared first on Popular .