Credit to Popular Journal - ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (A R C C I) နှင့် ပုသိမ်တက္ကသိုလ်တို့ ပူးပေါင်းကျင်းပသည့် စာတမ်းဖတ်အခမ်းအနားကို ပုသိမ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ယနေ့ (ဖေဖော်ဝါရီလ ၂၆ ရက်) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ARCCI အဖွဲ့မှ တာဝန်ရှိလူကြီးများတက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းမှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ရေးကဏ္ဍများတွင် အဆင့်တိုးမြှင့်ထုတ်လုပ်နိင်ရေး စာတမ်းပြုစုသူ ပါမောက္ခဆရာကြီး၊ ဆရာမကြီးများမှစာတမ်းများဖတ်ကြားခံကြောင်းသိရသည်။ ဒေသထုတ်ကုန် အရည်အသွေးမြှင့်တင်ရေး၊ ထုပ်ပိုးမှုတိုးတက်ရေး၊ ဈေးကွက်သုတေသနအပေါ်အခြေခံပြီး ထုတ်ကုန်ဖွံ့ဖြိုးရေး၊ တက္ကသိုလ်သုတေသနကို MSME လုပ်ငန်းများတွင် လက်တွေ့အသုံးချနိုင်ရေး ရည်ရွယ်ချက်များနှင့် စာတမ်းဖတ်ပွဲကို ရည်ရွယ်ကျင်းပခဲ့ကြောင်းသိရသည်။ ထို့နောက် ဒေသထုတ်ကုန်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြေခံ MSME ထုတ်ကုန်များ ဖွံ့ဖြိုးရေးအတွက် […] The post တက္ကသိုလ်သုတေသနကို MSME လုပ်ငန်းများတွင် လက်တွေ့အသုံးချနိုင်ရေး စာတမ်းပြုစုသူ ပါမောက္ခဆရာကြီး၊ဆရာမကြီးများမှစာတမ်းများဖတ်ကြား appeared first on Popular .