ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ မြန်မာနိုင်ငံအတွင်း လတ်တလော ဖြစ်ပွားခဲ့သော စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများအတွင်း အနည်းဆုံး ကလေးငယ် ၅ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည့်အပေါ် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် အထူးစိုးရိမ်ပူပန်ကြောင်းနှင့် ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ပြောဆိုလိုက်သည်။ ဖေဖော်ဝါရီလ ၂၃ ရက်နှင့် ၂၄ ရက်နေ့များအတွင်း ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် နေရပ်စွန့်ခွာ တိမ်းရှောင်လာသည့် မိသားစုများ ခိုလှုံနေသော ကျေးရွာတစ်ရွာရှိ နေအိမ်များနှင့် လူစည်ကားရာ ဒေသန္တရဈေးတစ်ခုကို ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင်လည်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားများနှင့် ကလေးငယ်များ ထိခိုက်သေဆုံးခဲ့သည်။ လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ကလေးငယ်များနှင့် အရပ်သားများသည် စစ်ဘေးဒဏ်ကို အဆိုးရွားဆုံး […] The post မြန်မာနိုင်ငံတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များ သေဆုံးရမှုအပေါ် UNICEF အဖွဲ့က စိုးရိမ်ပူပန်ပြီး ပြင်းထန်စွာ ရှုတ်ချ appeared first on Khit Thit Media .