မြောင်မြို့နယ်တွင် မြေပဲကို တစ်နှစ်ထက်တစ်နှစ်တိုး စိုက်လာ

Credit to Popular Journal - စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင် ၊ မြောင်မြို့နယ်တွင် ဆောင်းသီးနှံ မြေပဲ ဧက (၁၅,၀၀၀) ကျော်အထိ နှုတ်သိမ်းပြီးဖြစ်ကြောင်း စစ်ကိုင်းခရိုင်စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။ မြောင်မြို့နယ်တွင် ဆောင်းသီးနှံမြေပဲကို ဧက (၁၈,၀၀၀) ကျော် စိုက်ပျိုးထားရာ ဇန်နဝါရီလ ပထမပတ်မှ စတင်နှုတ်သိမ်းခဲ့ရာ ဧက (၁၅,၀၀၀) ကျော် နှုတ်သိမ်းပြီးနေပြီဖြစ်ရာ တစ်ဧကလျင်မြေပဲ (၇၄) တင်းကျော်ထွက်ကြောင်း သိရသ ည်။ “မြောင်မြို့နယ်မှာ မြေပဲစိုက်ကြတာ တစ်နှစ်ထက် တစ်နှစ် တိုးစိုက်လာကြတယ်”ဟု စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မြတ်မိုးဝင်းက ပြောသည်။ မြောင်မြို့နယ်အတွင်း မြေပဲစိုက်ပျိုးရာတွင် တစ်ဧကမျိုး (၁)တင်းခွဲ စိုက်ပျိုးကြပြီး မျိုးစရိတ်၊ အလုပ်သမားခနှင့် မြေသြဇာ၊ ပိုးသတ်ဆေးဖိုးများ အပါအဝင် ငွေကျပ် (၂) သိန်းကျော်ကုန်ကျကြောင်း သိရသည်။ The post မြောင်မြို့နယ်တွင် မြေပဲကို တစ်နှစ်ထက်တစ်နှစ်တိုး စိုက်လာ appeared first on Popular .