Credit to Popular Journal - ရှမ်းပြည်နယ်၊ နောင်ချိုမြို့တွင် လုပ်ငန်း (ယာယီ) ရပ်ဆိုင်းထားရသော တောင်ရှည်တိုက်နယ်ဆေးရုံ ပြန်လည်ဖွင့်လှစ်ကာ လည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။ တောင်ရှည်တိုက်နယ်ဆေးရုံသည် ၂၀၂၄ ခုနှစ် ဇွန်လကုန်မှစ၍ လုပ်ငန်း (ယာယီ) ရပ်ဆိုင်းထားရခြင်း ဖြစ်သည်။ လတ်တလော၌ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကုသရေးဦးစီးဌာနအနေဖြင့် နောင်ချိုမြို့နယ်ပြည်သူ့ဆေးရုံကို ၂၀၂၅ ခုနှစ် ဩဂုတ်လ (၂) ရက်နေ့တွင်လည်းကောင်း၊ နောင်ချိုမြို့နယ် သုံးဆယ်တိုက်နယ်ဆေးရုံကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်နေ့တွင်လည်းကောင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်သည်။ ယခုတွင် တောင်ရှည်တိုက်နယ်ဆေးရုံကိုပါ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သဖြင့် တောင်ရှည်၊ မဲပုတ်၊ ရေတွင်းကြီး၊ ရွှေမုဋ္ဌော၊ နောင်တော၊ အင်းဖို ကျေးရွာ အုပ်စုများမှ ဒေသခံတိုင်းရင်းသားပြည်သူ (၃၀,၀၀၀) ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုများ လွှမ်းခြုံဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။ The post နောင်ချိုတွင် တောင်ရှည်တိုက်နယ်ဆေးရုံ ပြန်လည်ဖွင့်လှစ် appeared first on Popular .