Credit to Popular Journal - ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် တာလီဘန်အစိုးရတို့အကြား ယခုအခါ “ပွင့်လင်းစစ်ပွဲ” (တရားဝင်စစ်ပွဲ) ဖြစ်ပွားနေပြီဖြစ်ကြောင်း ပါကစ္စတန်ကာကွယ်ရေးဝန်ကြီး Khawaja Asif က ပြောကြားလိုက်သည်။ တစ်ချိန်တည်းမှာပင် ကာဘူးလ်မြို့၌ ပေါ-က်ကွဲမှုများဖြစ်ပွားခဲ့ပြီး အာဖဂန်-ပါကစ္စတန် နယ်စပ်တစ်လျှောက်တွင်လည်း တို-က်ပွဲများဖြစ်ပွားနေကြောင်း သတင်းများထွက်ပေါ်နေသည်။ ပါကစ္စတန်ဝန်ကြီးချုပ် Shehbaz Sharif က နောက်ပိုင်းတွင် ထုတ်ပြန်ချက်တစ်ခု၌ အစ္စလာမ္မာဘတ် (ပါကစ္စတန်အစိုးရ) အနေဖြင့် “ငြိမ်းချမ်းရေးကို အမြဲတစေ ရှေးရှုခဲ့သော်လည်း” ယခုအခါ နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် “မည်သည့် ကျူးကျော်စော်ကားမှုကိုမဆို ပြတ်ပြတ်သားသား တုံ့ပြန်ရင်ဆိုင်သွားမည်” ဖြစ်ကြောင်း ပြောကြားခဲ့သည်။ The post ပါကစ္စတန်က အာဖဂန်နစ္စတန်အပေါ် စစ်ကြေညာ၊ တို-က်လေယာဉ်များက ကာဘူးလ်မြို့ကို ဗုံးကြဲတို-က်ခိုက် appeared first on Popular .