Credit to Popular Journal - ယနေ့ ဖေဖော်ဝါရီ ၂၇ ရက်တွင် နွေရာသီအခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲဖွင့်ပွဲအခမ်းအနားအား ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များ၊ ရုရှားနိုင်ငံပိုင်အာကာသကော်ပိုရေးရှင်း(Roscomos) မှ အထွေထွေညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုဝန်ကြီးများ၊ သံရုံး/ စစ်သံရုံးမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ခဲ့သည်။ ရှေးဦးစွာ ဘင်ခရာနှင့် ပန်းပွားအဖွဲ့မှ ဂုဏ်ပြုကြိုဆိုရန်အသင့်ရှိနေရာသို့ Humanoid Robot မှ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းအား ကြိုဆိုခေါ်ဆောင်ခဲ့သည်။ ထို့နောက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးဗိုလ်ဌေး၊ မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ် ဒေါက်တာ စိုးမြင့်မောင်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ရုရှားနိုင်ငံပိုင်အာကာသကော်ပိုရေးရှင်း (Roscomos) ၏ အထွေထွေညွှန်ကြားရေးမှူးချုပ်တို့မှ ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ […] The post နွေရာသီအခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ appeared first on Popular .