အစ္စရေးလေတပ်စခန်းတွင် အမေရိကန် F-22 တိုက်လေယာဉ်များ ချထားမှုကို တရုတ်ထောက်လှမ်းရေးကုမ္ပဏီက ဓာတ်ပုံများထုတ်ပြန်

Credit to Popular Journal - အစ္စရေးနိုင်ငံ၊ Uvda လေတပ်စခန်းတွင် အမေရိကန်၏ F-22 Raptor တိုက်လေယာဉ် ၁၁ စင်း ရောက်ရှိနေသည့် ဂြိုဟ်တုဓာတ်ပုံများကို တရုတ်ထောက်လှမ်းရေးအေဂျင်စီတစ်ခုဖြစ်သော MizarVision က ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ လေတပ်စခန်းသို့ သယ်ယူပို့ဆောင်ရေးလေယာဉ်များ၊ ဆီဖြည့်လေယာဉ်များနှင့် ခရီးသည်တင်လေယာဉ်တစ်စင်းတို့ ရောက်ရှိလာသည်ကိုလည်း တွေ့ရှိရကြောင်း Kan News က ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။ ဤလေယာဉ်များသည် တိုက်လေယာဉ်အုပ်စုအတွက် လိုအပ်သော နည်းပညာရှင်များ၊ ပြုပြင်ထိန်းသိမ်းရေးအဖွဲ့များ၊ လက်နက်ခဲယမ်းများနှင့် စစ်ဆင်ရေးဆိုင်ရာဝန်ထမ်းများ အပါအဝင် စစ်သည်တော်များကို သယ်ဆောင်လာခြင်းဖြစ်ပုံရကြောင်း ရေးသားထားသည်။ အင်္ဂါနေ့ညနေပိုင်းက အစ္စရေးစခန်းတစ်ခုတွင် အဆိုပါတိုက်လေယာဉ် ၁၂ စင်းခန့် ဆင်းသက်ခဲ့ကြောင်း The Jerusalem Post ၏ သတင်းထွက်ပေါ်လာပြီးနောက် တစ်ရက်အကြာတွင် ယခုကဲ့သို့ တရုတ်ထောက်လှမ်းရေးဂြိုဟ်တုဓာတ်ပုံများ ထွက်ပေါ်လာခြင်းဖြစ်သည်။ အာရပ်စော်ဘွားများပြည်ထောင်စု […] The post အစ္စရေးလေတပ်စခန်းတွင် အမေရိကန် F-22 တိုက်လေယာဉ်များ ချထားမှုကို တရုတ်ထောက်လှမ်းရေးကုမ္ပဏီက ဓာတ်ပုံများထုတ်ပြန် appeared first on Popular .