Credit to Popular Journal - မန္တလေးမြို့၊ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ သီတင်းသုံးသည့် မဟာမုနိကျောင်းတော်ကြီး၏ စိန်ဖူးတော်ကြီးတွင်ဌာပနာရန် သစ်တံခါးဆရာတော်ကြီးကိုအမှူးထား၍ နဝရတ်၉သွယ်ပါ ရွှေပြားချပ်များ လာရောက်လှူဒါန်းသည်ဟု သိရသည်။ ယနေ့ (ဖေဖော်ဝါရီ ၂၇) နံနက်ပိုင်းက ထိုသို့လာရောက်လှူဒါန်းခဲ့ခြင်းလည်း ဖြစ်သည်။ ယင်း နဝရတ်ကိုးသွယ်ကျောက်ပါ မဟာမုနိပုံတော် ရွှေပြားချပ်များသည် (၁)ချပ် လျှင် အလေးချိန်အားဖြင့် ၃ကျပ်သားကျော်ရှိသည်ဟုလည်း သိရသည်။ အလှူရှင်များသည် ဒေါ် ဧကဉာဏဒသဏီ မိသားစုနှင့် ကိုပြည့်မောင်+မစမိုင်းလ်မိသားစု ကောင်းမှု၊ ဘဝဆက် ပဌာန်းဆက် သားသမီးများ ကောင်းမှု၊ ဦးစောတင်ဝင်းနှင့် အဖွဲ့သားများ ကောင်းမှု၊ ဦးစောတင်ဝင်း+ဒေါ်နန်းမြင့်မြင့်ဝင်းမိသားစု ကောင်းမှု၊ ဦးနိုင်မောင်ဇော်+ဒေါ်အေးအေးမြင့် မိသားစု ကောင်းမှုတို့ဖြစ်သည်ဟုလည်း ဘုရားကြီး ဂေါပကအဖွဲ့ထံမှ သိရသည်။ ဓာတ်ပုံ- မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ The post မဟာမုနိကျောင်းတော်ကြီး၏ စိန်ဖူးတော်ကြီးတွင် ဌာပနာရန် နဝရတ်၉သွယ်ပါ ရွှေပြားချပ်များ လာရောက်လှူဒါန်း appeared first on Popular .