တနင်္သာရီတိုင်းတွင် “ကရသူရိ ဒီရေတောကြိုးပြင်ကာကွယ်တော” အသစ်သတ်မှတ်

Credit to Popular Journal - သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သည် ၂၀၁၈ ခုနှစ် ပြဋ္ဌာန်းထားသော သစ်တောဥပဒေပုဒ်မ (၆)၊ ပုဒ်မခွဲ (င) အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များကို အသုံးပြု၍ တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ် ကရသူရိမြို့အတွင်းရှိ ဧရိယာ (၄၁,၈၅၅.၉၆) ဧကကို “ကရသူရိဒီရေတောကြိုးပြင်ကာကွယ်တော” အဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါသတ်မှတ်ချက်ကို အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၂၆) ဖြင့် ၁၃၈၇ ခုနှစ် တပေါင်းလဆန်း (၃) ရက် (၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်) မှ စတင်၍ အတည်ပြုထားခြင်းဖြစ်သည်။ ယင်းနယ်မြေကို ဒီရေတောကြိုးပြင်ကာကွယ်တောအဖြစ် ဖွဲ့စည်းသတ်မှတ်ခြင်းမှာ ဒီရေတောသစ်မျိုးများနှင့် ဂေဟစနစ်ကို ရေရှည်ထိန်းသိမ်းနိုင်ရန်၊ သဘာဝဒီရေတောများ ပျ-က်စီးပြုန်းတီးမှုမှ ကာကွယ်ရန်နှင့် ရေသယံဇာတများ ပေါကြွယ်ဝစေရန် ရည်ရွယ်ထားကြောင်း သိရသည်။ ထို့ပြင် […] The post တနင်္သာရီတိုင်းတွင် “ကရသူရိ ဒီရေတောကြိုးပြင်ကာကွယ်တော” အသစ်သတ်မှတ် appeared first on Popular .