ယခု ၂၀၂၆ ခုနှစ်တွင် ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ဖြစ်စဥ်များလျော့ကျရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်မည်

Credit to Popular Journal - ယခု ၂၀၂၆ ခုနှစ်တွင် ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ဖြစ်စဥ်များလျော့ကျရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်မည်ဟု ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) ဒု- ဥက္ကဋ္ဌက ပြောသည်။ ယနေ့ ဖေဖော်ဝါရီ ၂၇ ရက်နံနက်ပိုင်းကကျင်းပသည့် YRTC ၏ ၂၀၂၅ ခုနှစ်အတွက် YBS ယာဥ်မောင်းများအား “စံပြယာဥ်မောင်းဆု”၊ “ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးစွမ်းဆောင်ဆုရ ကုမ္ပဏီအား ဂုဏ်ပြုဆု”၊ “တာဝန်ကျေပွန်ဆု”ချီးမြှင့်ခြင်းအခမ်းအ နား၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ ” ၂၀၂၆ ခုနှစ်မှာ ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်တွေလျော့ကျပြီး သေဆုံး၊ ဒဏ်ရာရသူတွေကျဆင်းဖို့အ တွက် ယာဥ်မောင်းတွေ စနစ်တကျဖြစ်စေဖို့ကို အရှိန်အဟုန်မြှင့်ပြီး အလေးထားဆောင်ရွက်သွားမှာပါ”ဟု YRTC ဒု-ဥက္ကဋ္ဌက ပြောသည်။ ထို့ပြင် YBS ယာဥ်မောင်းများ စနစ်တကျဖြစ်စေရေး၊ ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် ကြီးကြပ်ဆောင်ရွက်ခဲ့မှုကြောင့် ၂၀၂၄ ခုနှစ်အတွင်း YBS ယာဥ်မတော်တဆမှု(၇၃)မှု၊ သေဆုံးသူ(၃၆)ဦး၊ […] The post ယခု ၂၀၂၆ ခုနှစ်တွင် ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ဖြစ်စဥ်များလျော့ကျရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်မည် appeared first on Popular .