မကြာမှီ သက်တော်(၈၉)နှစ်ပြည့်တော်မူမည့် သီတဂူဆရာတော်ကြီး၏ ဝိဇာတမွေးနေ့အထိမ်းအမှတ် ဆွမ်း ဆန်စိမ်းလောင်းလှူမည်

Credit to Popular Journal - သီတဂူဆရာတော်ကြီးသည် မကြာမှီအချိန်ကာလအ တွင်း၌ သက်တော်(၈၉)နှစ်ပြည့်တော်မူမည်ဖြစ်ရာ ဝိဇာတမွေးနေ့အထိမ်းအမှတ်အဖြစ် သံဃာတော်များနှင့် သီလရှင်များကို ဆွမ်းဆန်စိမ်းလောင်းလှူသွားမည်ဖြစ် ကြောင်း သိရသည်။ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာအကယ်ဒမီတွင် မတ် ၂ ရက်နံနက် ၆ နာရီ၌ သံဃာတော်များ၊ မတ် ၃ ရက်နံနက် ၆ နာရီ၌ သီ လရှင်များကိုလောင်းလှူသွားမည်ဖြစ်ကာ ဆရာတော်ကြီး၏ ဝိဇာတမွေးနေ့အလှူတော်မင်္ဂလာအခမ်းအနားကိုလည်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ သံဃာတော်များနှင့် သီလရှင်ဆရာလေးများအား သ င်္ကန်း၊ ဆွမ်းဆန်၊ ဆီ အစရှိသော လှူဖွယ်ဝတ္ထုအစုစုတို့ကိုလောင်းလှူပူဇော်မည်ဖြစ်၍ သီတဂူကမ္ဘာ့ဗုဒ္ဓတက္က သိုလ်(စစ်ကိုင်း)တွင် ပညာသင်ကြားနေကြသော (Ph.D, M.A, B.A, Diploma, English & Pali Language Classes) အတန်းများမှ သံဃာတော်များနှင့် သီလရှင်ဆရာလေးများအားလုံးကြွရောက်အလှူခံပေးပါရန်ပင့်လျှောက်ထားကြောင်း သိရသည်။ ထို့ကြောင့် […] The post မကြာမှီ သက်တော်(၈၉)နှစ်ပြည့်တော်မူမည့် သီတဂူဆရာတော်ကြီး၏ ဝိဇာတမွေးနေ့အထိမ်းအမှတ် ဆွမ်း ဆန်စိမ်းလောင်းလှူမည် appeared first on Popular .