Credit to Popular Journal - မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၌ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစနစ်ပါဝင်သည့် သုမင်္ဂလာအဆင့်မြင့်ဈေးကို ယနေ့ ဖေဖော်ဝါရီ ၂၇ ရက်နံနက်ပိုင်းကစတင်ဖွင့်လှစ်ရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့သည်။ နိုင်ငံတော်ယာယီသမ္မတမှ သုမင်္ဂလာအဆင့်မြင့်ဈေးဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး သုမင်္ဂလာအဆင့်မြင့်ဈေး အဆောက်အဦးအသစ်အား ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးမြထွန်းဦး၊ ဦးမျိုးသန့်၊ မန္တ လေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် မန္တလေးတိုင်းစည်ပင်ဝန်ကြီးဦးကျော်ဆန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် နိုင်ငံတော်ယာယီသမ္မတမှ သုမင်္ဂလာအဆင့်မြင့်ဈေးအတွင်း ဆိုင်ခန်းများဖွင့်လှစ်ရောင်းချလျက်ရှိမှု၊ ကလေးကစားကွင်းအတွင်းကလေးငယ်များဆော့ကစားလျက်ရှိမှုနှင့် ရုပ်ရှင်ရုံတို့အတွင်းကြည့်ရှုပြီး တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။ သုမင်္ဂလာအဆင့်မြင့်ဈေးအား ပြင်ဦးလွင်မြို့၏ လူနေ ထူထပ်မှုများပြားလာမှု၊ အပန်းဖြေခရီးသွားလာမှုများပြားလာမှုနှင့် ကိုက်ညီသည့် အဆင့်မြင့်ဈေးသစ်ကြီး ဖြစ်ပေါ်လာစေရန်၊ ခေတ်စနစ်နှင့်အညီ မြို့ပြဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ နိုင်ငံတကာနှင့်လိုက်လျောညီထွေမှုရှိသည့် RC အဆင့်မြင့်ဈေးသစ်ကြီးဖြစ်ပေါ်လာစေရန်၊ ဒေသထွက်ကုန် အခြေခံကုန်ပစ္စည်းများကို တစ်နေရာတည်းတွင် တစ်စုတစ်ဝေးတည်း ရောင်းဝယ် […] The post နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစနစ်ပါဝင်သည့် သုမင်္ဂလာအဆင့်မြင့်ဈေးစတင်ဖွင့်လှစ် appeared first on Popular .