ပြင်ဦးလွင်ဘူတာနှင့် ကလောဘူတာတို့သည် ရှေး ဟောင်းသမိုင်းဝင်ဘူတာများဖြစ်၍ စနစ်တကျထိန်း သိမ်းရန် နိုင်ငံတော် ယာယီသမ္မတမှာကြား

Credit to Popular Journal - မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင်ရောက်ရှိနေသည့် နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဖေဖော်ဝါရီ ၂၇ ရက်က ပြင်ဦးလွင်မြို့၌ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအကောင်အထည်ဖော်နေမှုများကိုကြည့်ရှုစစ်ဆေးစဥ် အထက်ပါအတိုင်းမှာကြားခဲ့ခြင်းဖြစ်သည်။ ” ပြင်ဦးလွင်ဘူတာနဲ့ ကလောဘူတာတို့က ရှေးဟောင်းသမိုင်းဝင်ဘူတာတွေဖြစ်တဲ့အတွက် ဘူတာအဆောက်အဦးကို စနစ်တကျထိန်းသိမ်းရပါမယ်။ ဘူတာနယ်နိမိတ်အတွင်းမှာ စနစ်တကျရှိစေဖို့၊ သန့်ရှင်းသာယာလှပမှုရှိစေဖို့၊ စိတ်ချမ်းမြေ့ဖွယ် ပတ်ဝန်းကျင်ဖြစ်စေဖို့ စဉ်ဆက်မပြတ်ဆောင်ရွက်ထားရပါမယ်”ဟု နိုင်ငံတော် ယာယီသမ္မတက မှာကြားသည်။ ထို့ပြင် မြို့ပြဖွံ့ဖြိုးတိုးတက်မှုများ၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေခြင်းများကိုဖော်ဆောင်၍ ဒေသတွင်းလာရောက်လည်ပတ်မည့် ပြည်တွင်း/ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်မည်ဖြစ်ပြီး အမျိုးသားဝင်ငွေတိုး တက်လာစေမည်ဖြစ်ကာ ပြင်ဦးလွင်ဘူတာမှ ဂုတ်ထိပ်တံတားသို့ ရထားခရီးစဉ်များပြေးဆွဲမှုကြောင့် အပန်း ဖြေခရီးလာရောက်သူများအနေဖြင့် ဒေသန္တရဗဟုသု တများနှင့် သဘာဝပတ်ဝန်းကျင်သာယာလှပမှုများကို ခံစားရရှိနိုင်မည်ဖြစ်၍ ခရီးသည်များဘေးကင်းလုံခြုံစွာဖြင့် စီးနင်းလိုက်ပါလေ့လာနိုင်ရေးကိုဆောင်ရွက်ပေးရမည်ဟု မှာကြားသည်။ ထို့အတူ ပြင်ဦးလွင်မြို့၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအ ကောင်အထည်ဖော်ဆောင်ရွက်ရာ၌ မြေကိုအကျိုးရှိရှိအသုံးချနိုင်ရေးအတွက် စနစ်တကျရေးဆွဲတွက်ချက်အကောင်အထည်ဖော်ဆောင်ရွက်ရန်လည်း […] The post ပြင်ဦးလွင်ဘူတာနှင့် ကလောဘူတာတို့သည် ရှေး ဟောင်းသမိုင်းဝင်ဘူတာများဖြစ်၍ စနစ်တကျထိန်း သိမ်းရန် နိုင်ငံတော် ယာယီသမ္မတမှာကြား appeared first on Popular .