စက်မှုဇုန်များအတွက် တစ်ယူနစ် ၉၀၀ ကျပ်ဖြင့် ၂၄ နာရီ ဓာတ်အားပေးမည်

Credit to Popular Journal - အိမ်သုံးနှင့် အိမ်သုံးမဟုတ်သည့် ဓာတ်အားသုံးစွဲသူများအတွက် လက်ရှိ သတ်မှတ်နှုန်းထားများအတိုင်းသာ ကောက်ခံမည် စက်မှုဇုန်များနှင့် အထူးစီးပွားရေးဇုန်များအတွက် တစ်ယူနစ် ၉၀၀ ကျပ်ဖြင့် ၂၄ နာရီ ဓာတ်အားပေးမည်ဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် လျှပ်စစ်ဥပဒေပုဒ်မ ၇၂ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပုဒ်မ ၄၁ နှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် လျှပ်စစ်ဓာတ်အားခနှုန်းထားများကို အမိန့်ကြော်ငြာစာအမှတ် (၈၉/၂၀၂၆) ဖြင့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ထုတ်ပြန်ချက်အရ သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas – LNG) သုံး ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားကို တိုက်ရိုက်လိုင်းဖြင့် ပေးပို့နိုင်သည့် စက်မှုဇုန်များနှင့် အထူးစီးပွားရေးဇုန်များအတွင်းရှိ […] The post စက်မှုဇုန်များအတွက် တစ်ယူနစ် ၉၀၀ ကျပ်ဖြင့် ၂၄ နာရီ ဓာတ်အားပေးမည် appeared first on Popular .