Credit to Popular Journal - ဘိုလီဗီးယားနိုင်ငံတော်ဗဟိုဘဏ်မှ ငွေစက္ကူအသစ်များကို တင်ဆောင်လာသော လေတပ်၏ ဟာကျူလီလေယာဉ်သည် သောကြာနေ့က မြို့တော် လာပက်ဇ်အနီးရှိ အယ်လယ်လ်တိုမြို့တွင် မိုးလေဝသဆိုးဝါးနေချိန်၌ လူစည်းကားရာ လမ်းမကြီးတစ်ခုပေါ် ပျ-က်ကျခဲ့သဖြင့် လူ ၁၅ ဦး ေ-သဆုံးကာ လူ ၃၀ ခန့် ဒ-ဏ်ရာရခဲ့ကြောင်း ရုပ်သံသတင်းများက ဖော်ပြခဲ့သည်။ ဆန်တာခရုဇ်မြို့မှ ထွက်ခွာလာသော စစ်ဘက်လေယာဉ်သည် ဆင်းသက်ခဲ့ချိန်တွင် ပြေးလမ်းမှချော်ထွက်ကာ အနီးရှိ လမ်းမကြီးပေါ် ရောက်ရှိသွားခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။ လူမှုကွန်ရက်ပေါ်ထွက်ပေါ်လာသော ဗီဒီယိုများ၌ လေယာဉ်မတော်တဆမှုဖြစ်ပြီးနောက် အခင်းဖြစ်နေရာသို့ လူများစုရုံးရောက်ရှိလာပြီး မြေပြင်ပေါ် ပြန့်ကျဲနေသော ငွေစက္ကူများကို လိုက်လံကောက်ယူနေပုံရသည့် ဝရုန်းသုန်းကားအခြေအနေများကို တွေ့ရသည်။ အခင်းဖြစ်ပွါးရာနေရာရှိ ဒေသဆိုင်ရာအာဏာပိုင်များက ရေပိုက်များနှင့် မျက်ရည်ယိုဓာတ်ငွေ့များသုံးကာ လူများကို ဟန့်တားနေခဲ့သည်။ ဘိုလီဗီးယားဗဟိုဘဏ်က နောက်ပိုင်းတွင် သတင်းထောက်များကို သတင်းထုတ်ပြန်ပေးရန် […] The post ဘိုလီးဗီးယားစစ်လေယာဉ်ပျ-က်ကျ၊ လူ ၁၅ ဦး ေ-သဆုံး၊ ငွေစက္ကူများ ပြန့်ကျဲ appeared first on Popular .