(၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့အထိမ်းအမှတ် စိုက်/မွေးပြပွဲ ၃ ရက်တိုင် ကျင်းပမည်

Credit to Popular Journal - (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ပြပွဲအခမ်းအနားကို လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ ဘုရင့်နောင်ပန်းခြံတွင် ဖေဖော်ဝါရီ ၂၈ ရက်မှ မတ်လ ၂ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။ ပြပွဲအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ နည်းပညာပြသခန်းများနှင့်အတူ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပြပွဲ၊ ပြိုင်ပွဲများကိုပါ ထည့်သွင်းကျင်းပမည်ဖြစ်သည်။ ဟင်းသီးဟင်းရွက်ကဏ္ဍတွင် စုစုပေါင်း အမျိုးအစား ၂၅ မျိုး ယှဉ်ပြိုင်မည်ဖြစ်ပြီး ဘူးသီး၊ ရွှေဖရုံသီး၊ ခရမ်းသီးမျိုးစုံ၊ သခွားသီးတို့အပါအဝင် ဟင်းသီးများနှင့် ကန်စွန်းဥ၊ ဝဥ၊ မုန်လာဥစသည့် ဥစားသီးနှံများ၊ ပန်းဂေါ်ဖီနှင့် အရွက်စားသီးနှံများ ပါဝင်မည်ဖြစ်သည်။ သစ်သီးဝလံကဏ္ဍတွင်လည်း စုစုပေါင်း ၂၄ မျိုး သတ်မှတ်ထားပြီး အုန်းသီး၊ ကွမ်းသီး၊ ငှက်ပျောမျိုးစုံ၊ ကျွဲကောသီး၊ သရက်သီး၊ […] The post (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့အထိမ်းအမှတ် စိုက်/မွေးပြပွဲ ၃ ရက်တိုင် ကျင်းပမည် appeared first on Popular .