Credit to Popular Journal - ငါးနီတူခြောက် တစ်ပိဿာလျှင် မနှစ်က ယခုလိုအချိန်တွင် ပွဲရုံပေါက်စျေးတစ်ပိဿာလျှင် ကျပ် ၁၅,၀၀၀ ဝန်းကျင်ခန့် ရှိပြီး ယခုနှစ်တွင်မူ အရည်အသွေးပေါ်မူတည်ပြီး တစ်ပိဿာလျှင် ကျပ် ၂၂,၀၀၀မှ ၂၅,၀၀၀ စျေးအထိ ပေးဝယ်နေကြောင်း သိရသည်။ ငါးနီတူငါးကို ပင်လယ်ကမ်းရိုးတန်း တစ်လျှောက် ရေလုပ်သားများက ကျော့ပိုက်များဖြင့်ဖမ်းဆီးလေ့ရှိသည်။ ငါးများ များစွာဖမ်းမိသောရက်များတွင် တင်း ၁၅ တင်း၊ တင်း၂၀ မှ တင်းရာချီ၍ရတတ်ကြောင်း သိရသည်။ ဧရာဝတီတိုင်းဒေသကြီးတွင် ပင်လယ်ကမ်းရိုးတန်းနှင့်ထိစပ်နေသောကြောင့် ငါးနီတူခြောက်ပေါများစွာ ထွက်ရှိသည်။ “အဲ့ငါးကမိုးကုန်ပြီဆိုတာနဲ့ဖမ်းလို့စရပြီ၊ အခုကရာသီအလယ်လောက်ရောက်လာပြီပေါ့၊ ပြည်တွင်းမှာတော့ ငါးအသေးတွေကိုအခြောက်လှမ်းတာ ပိုကြိုက်ကြတယ်။ ပြည်ပကျတော့ဘင်္ဂလားဘက်က ကုန်သည်တွေလာဝယ်ကြတယ်။ သူတို့ကျတော့ ပြည်တွင်းမှာမကြိုက်တဲ့ ငါးနီတူ အကောင်အကြီးခြောက်တွေ ဝယ်ကြတယ်” ဟု ငါးနီတူကုန်သည် ဦးဇေယျာကပြောသည်။ လက်ရှိတွင် ဘုရင့်နောင်ပွဲရုံပေါက်စျေးအရ ငါးနီတူအကောင်သေး အရည်အသွေးကောင်းရင် […] The post ငါးနီတူငါးခြောက်တစ်ပိဿာပေါက်စျေး မနှစ်ကထက် ၁ သောင်းခန့်မြင့်တက် appeared first on Popular .