၂၀၂၅-၂၆ ဘဏ္ဍာနှစ်တွင်  ကိုယ်ဝန်ဆောင်နှင့် အသက် (၂) နှစ်အထိ ကလေး တစ်သိန်းကျော်ကို ကျပ်သန်းပေါင်း( ၁၂,၀၀၀) ကျော် ထောက်ပံထား

Credit to Popular Journal - ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကိုယ်ဝန်ဆောင် နှင့် အသက် (၂) နှစ်အထိ ကလေးများကို ငွေကြေးထောက်ပံခြင်းအစီအစဉ်အရ အကျိုးခံစားခွင့်ရှိသူ (၁၂၉,၃၅၅) ဦးကို ထောက်ပံ့ငွေများပေးအပ်ထားကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သိရသည်။ ထောက်ပံ့ငွေ စုစုပေါင်း ကျပ် (၁၂,၀၁၆ ဒသမ ၃၉၅) သန်းကို မြန်မာစီးပွားရေးဘဏ်ကတဆင့် ထောက်ပံပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ယမန်နေ့က ကလေးသူငယ်အခွင့်ရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းကပြောကြားခဲ့ခြင်းဖြစ်သည်။ လူဘဝအစ ရက် (၁၀၀၀) ကာလအတွင်း အာဟာရနှင့် ကျန်းမာရေးဆိုင်ရာလိုအပ်ချက်များပြည့်မီ၍ ကလေးသူငယ်များနှင့် ဦးနှောက်နှင့် ခန္ဓာကိုယ်ကောင်းစွာ ဖွံ့ဖြိုးတိုးတက်စေရေန် ရည်ရွယ်ပြီး ထောက်ပံပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် ပြစ်မှုကျုးလွန်သည့် ကလေးသူငယ်များအတွက်လည်း ကလေးအခွင့်အရေးများရရှိစေရန် က‌လေးသူငယ်ကြီးကြပ်သူ အစီရင်ခံစာများ တင်ပြဆောင်ရွက်ပေးနေကြောင်းလည်း အစည်းဝေးတွင် ပြောကြားထားသည်။ The post ၂၀၂၅-၂၆ ဘဏ္ဍာနှစ်တွင်  ကိုယ်ဝန်ဆောင်နှင့် အသက် (၂) နှစ်အထိ ကလေး တစ်သိန်းကျော်ကို ကျပ်သန်းပေါင်း( ၁၂,၀၀၀) ကျော် ထောက်ပံထား appeared first on Popular .