Credit to Popular Journal - ရှမ်းပြည်နယ် (တောင်ပိုင်း၊ တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံတွင် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသသည့် LA စက်ခန်း တည်ဆောက်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။ အဆောက်အဦး ဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့ (၁၁) မှ တာဝန်ယူတည်ဆောက်နေသည့် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံတွင် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသသည့် LA စက်ခန်း တည်ဆောက်ရေးလုပ်ငန်းခွင်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ အရည်အသွေးများကောင်းမွန်စေရေးနှင့် ဓာတ်ရောင်ခြည်လုံခြုံမှုရှိစေရေး အလေးထားဆောင်ရွက်ရန်၊ ဓာတ်ရောင်ခြည်ကာကွယ်ရေးဌာန DAE မှ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း အတိအကျလိုက်နာဆောင်ရွက်သွားရန် ဒုတိယဝန်ကြီးကပြောကြားခဲ့သည်။ တည်ဆောက်ရေးလုပ်ငန်းများပြီးစီးပါက ပြင်ပသို့ ဓာတ်ရောင်ခြည်ဖြာထွက်ခြင်းရှိ၊ မရှိ DAE မှ ကျွမ်းကျင်ပညာရှင်အဖွဲ့များနှင့် ပူးပေါင်း၍ တိုင်းတာစစ်ဆေးသွားရန်၊ အဆောက်အအုံအရည်အသွေးကောင်းမွန်စေရေးအတွက် Structure Drawing ဒီဇိုင်းပါအတိုင်း Q.C အဖွဲ့၏ […] The post တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံတွင် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသသည့် LA စက်ခန်း တည်ဆောက်နေ appeared first on Popular .