Credit to Popular Journal - ပြောင်းလဲတိုးတက်မှုနှုန်း မြန်ဆန်လျက်ရှိသည့် AI အပါအဝင် နည်းပညာအရွေ့နှုန်းတို့နှင့် အမီလိုက်ပါနိုင်ရေး သုတေသနကွန်ရက်များ ဖွဲ့စည်းချိတ်ဆက် ဆောင်ရွက်ရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ကပြောသည်။ ယမန်နေ့က ကျင်းပသည့် (၂၃) ကြိမ်မြောက် ကွန်ပျူတာအသုံးချမှုဆိုင်ရာ နိုင်ငံတကာသုတေသနစာတမ်းဖတ်ပွဲ၌ ဒုတိယဝန်ကြီး က အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ မျက်မှောက်ကာလတွင် ဒစ်ဂျစ်တယ်နည်းပညာဖြင့် အရာရာကို ဖန်တီးနိုင်သည်ကို သတိပြုကြရန်နှင့် ဒစ်ဂျစ်တယ်လူမှုဘဝ၊ ဒစ်ဂျစ်တယ် စီးပွားရေးဘဝများကို ထူထောင်နိုင်ရန်၊ မြန်မာဒစ်ဂျစ်တယ် စီးပွားရေးလမ်းပြမြေပုံ ၂၀၃၀ ပါ သက်ဆိုင်ရာမဟာဗျူဟာ မဏ္ဍိုင်များအလိုက် လုပ်ငန်းစဉ်များကို အောင်မြင်ပြီးမြောက်အောင်ဆောင်ရွက်ရန်လည်း ဒေါက်တာအောင်ဇေယျ ကပြောကြားခဲ့သည်။ အဆိုပါ စာတမ်းဖတ်ပွဲအတွက် တင်သွင်းသည့် စာတမ်း ၁၃၀ ၏ အရည်အသွေးကို နိုင်ငံတကာပါမောက္ခများက စိစစ်အကဲဖြတ် ရွေးချယ်ခဲ့ကြပြီး မြန်မာ၊ တရုတ်၊ ဂျပန်၊ […] The post ပြောင်းလဲတိုးတက်မှုနှုန်း မြန်ဆန်လျက်ရှိသည့် AI အပါအဝင် နည်းပညာအရွေ့နှုန်းတို့နှင့် အမီလိုက်ပါနိုင်ရေး သုတေသနကွန်ရက်များ ဖွဲ့စည်းချိတ်ဆက် ဆောင်ရွက်ရမည် appeared first on Popular .