Credit to Popular Journal - မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျ-က်စီးခဲ့ရသည့် အနီရောင်အဆင့် ဝန်ထမ်း အိမ်ရာ (၂၂၅) လုံးအား ယခုနှစ် မေလအတွင်း အပြီးတည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။ လက်ရှိ၌ ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ဒုတိယအပတ်ကတည်းက စတင် ဆောင်ရွက်နေခြင်းလည်း ဖြစ်သည်။ အနီရောင်အဆင့် အဆောက်အဦး ပြုပြင်တည်ဆောက်ခြင်းကို အသင်းကြီး ၂ သင်းနှင့် ဌာနဆိုင်ရာများ၏ စီမံခွဲမှု အောက်၌ ကုမ္ပဏီ စုစုပေါင်း (၉၉) ခုက တစ်ပြိုင်တည်း ဆောင်ရွက်နေခြင်း ဖြစ်သည်။ ထို့အတူ နေပြည်တော် စည်ပင်သာယာရေးကော်မတီက လုပ်ငန်းအဖွဲ့ (၇) ဖွဲ့ ဖွဲ့စည်းပြီး အနီးကပ် ကြီးကြပ်ဆောင်ရွက်နေကြောင်းလည်း သိရသည်။ ယခုလက်ရှိ ဘဏ္ဏာနှစ်တွင်မူ အနီရောင်အဆင့် အဆောက်အဦးများ ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းကို သုံးဆယ်ရာခိုင်နှုန်း ပြီးစီးအောင် ဆောင်ရွက်မည် […] The post အနီရောင်အဆင့်ဝန်ထမ်းအိမ်ရာ နှစ်ရာကျော်ကို မေလအတွင်း အပြီးတည်ဆောက်မည် appeared first on Popular .