Credit to Popular Journal - ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာအလုပ်သမားများအနေဖြင့် Work Permit နှင့် Certificate of Identity (CI) ဆိုင်ရာ လုပ်ငန်းစဉ်များကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ကြရန် အလုပ်သမားသံအရာရှိရုံးမှ အသိပေးထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် သွားရောက်အလုပ်လုပ်ကိုင်သူများသည် သက်တမ်းမီ Work Permit ရရှိထားရမည်ဖြစ်ပြီး သက်တမ်းကုန်ဆုံးမီ သက်တမ်းတိုးလုပ်ငန်းစဉ်များကို အချိန်မီ ဆောင်ရွက်ရန်လိုအပ်ကြောင်း ဖော်ပြထားသည်။ ထို့ပြင် Work Permit လျှောက်ထားရာတွင် အထောက်အထားပြည့်စုံစေရန် Certificate of Identity (CI) စာရွက်စာတမ်း ရှိထားရမည်ဖြစ်ပြီး CI မရှိသူများအနေဖြင့် သက်ဆိုင်ရာဌာနများတွင် လိုအပ်သည့် စာရွက်စာတမ်းများ တင်ပြကာ ပြုလုပ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။ အလုပ်သမားများအနေဖြင့် တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရရှိစေရန် သတ်မှတ်ထားသော စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး လုပ်ငန်းစဉ်များအတွင်း […] The post ထိုင်းရောက် မြန်မာအလုပ်သမားများအတွက် Work Permit နှင့် CI လုပ်ငန်းစဉ်များ ဆောင်ရွက်ရေး အသိပေးထုတ်ပြန် appeared first on Popular .