Credit to Popular Journal - ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းမှ ပြိုင်ပွဲဝင် ကျောင်သား၊ ကျောင်းသူများကို လိုက်လံအားပေး ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံရဲ့အကြီးကျယ်အခမ်းနားဆုံး အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ ဒုတိယနေ့ ယှဉ်ပြိုင်ကျင်းပလျက်ရှိသည်။ ပြိုင်ပွဲတွင် မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူပေါင်း ၂၀၀၀ ကျော်၊ အလယ်တန်းအဆင့်ကျောင်းသား/သူပေါင်း ၂၀၀၀ ကျော် နှင့် အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူပေါင်း တစ်ထောင်ကျော်တို့ ပါဝင်ယှဉ်ပြိုင်ကြကာ၊ မြို့နယ်ကျောင်းအလိုက် ကြီးကြပ်သူ ဆရာ၊ ဆရာမပေါင်း တစ်ရာကျော်ရှိကြောင်း သိရသည်။ ပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များ၊ မြန်မာအာကာသအေဂျင်စီမှ တာဝန်ရှိသူများမှလည်း ပြိုင်ပွဲသို့လာရောက်ကာ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအား လာရောက်အားပေးခဲ့သည်။ ထို့အပြင် အနုပညာရှင်များဖြစ်သော သရုပ်ဆောင် အေးမြတ်သူ၊ ချာလီ၊ မင်းတော်ဝင်၊ အဒီရာဦးတို့မှ […] The post အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ ဒုတိယနေ့ အခြေခံပညာမူလတန်းအဆင့် ကျောင်းသား၊ကျောင်းသူများယှဉ်ပြိုင်နေသည့်ပုံရိပ်များ appeared first on Popular .