Credit to Popular Journal - မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေရှိ အလိုတော်ပြည့်ဘုရားကြီး၌ ယနေ့ ဖေဖော်ဝါရီ ၂၈ ရက်က မီးလေ-ာင်မှုဖြစ်ပွားလာပါက လက်တွေ့မီးငြှိမ်းတတ်ရေးအတွက် ဇာတ်တိုက်လေ့ ကျင့်ခဲ့ကြသည်။ ညောင်ဦးမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက အလိုတော်ပြည့်ဘုရားကြီးရှိ ဈေးဆိုင်များ၌စျေးရောင်းချနေသူများအား မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ မီးသတ်ဆေးဘူးအသုံးပြုမီးငြှိမ်းသတ်ခြင်း၊ 191 Report Mobile Application အသုံးပြု ၍ မီးသတ်ဦးစီးဌာနသို့သတင်းပေးပို့ခြင်းစနစ်တို့ကိုရှင်းလင်းပြသခဲ့ကြသည်။ ထို့နောက် ဘုရားဂေါပကများ၊ လုံခြုံရေးဝန်ထမ်းများနှင့် စျေးဆိုင်ခန်းများရှိ ဘုရားစျေးသည်များအား လက်တွေ့မီးငြှိမ်းသတ်တတ်စေရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်ကာ ဘုရားဝန်းအတွင်းရှိ မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများကြံ့ခိုင်ကောင်းမွန်မှု ရှိ/မရှိနှင့် ရေသိုလှောင်ထားရှိမှုတို့ကိုလည်း စစ်ဆေးခဲ့ကြသည်။ The post ပုဂံ အလိုတော်ပြည့်ဘုရား၌ လက်တွေ့မီးငြှိမ်းတတ်ရေးဇာတ်တိုက်လေ့ကျင့် appeared first on Popular .