၂ဝ၂၆ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်ခံယူတော်မူမည့် ဆရာတော်ကြီးများအား နိုင်ငံတော် ယာယီသမ္မတနှင့်ဇနီးတို့က နေ့ဆွမ်းဆက်ကပ်

Credit to Popular Journal - ၂၀၂၆ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံယူတော်မူမည့် ဆရာတော်ကြီးများအား နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့မှ နေ့ဆွမ်းဆက်ကပ်ခဲ့ကြသည်။ ယနေ့ ဖေဖော်ဝါရီ ၂၈ ရက်နံနက်ပိုင်းက နေပြည်တော်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်ပရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၌ ဆက်ကပ်ခဲ့ကြခြင်းဖြစ်သည်။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီး၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ဆရာတော်ကြီးတို့အမှူးပြုသည့် ပြည်တွင်း/ပြည်ပဘွဲ့ခံ ဆရာတော်ကြီး(၁၄၆)ပါးနှင့် ဘွဲ့ခံသီလရှင်ဆရာကြီး(၁)ပါး ကြွရောက်ချီးမြှင့်တော်မူခဲ့ကြသည်။ နိုင်ငံတော်ယာယီသမ္မတနှင့်ဇနီး တက်ရောက်လာကြသူများက သန်လျင်မင်းကျောင်းဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်ကများ မေတ္တသုတ်ပရိတ် တရားတော်များကိုရွတ်ပွားသရဇ္ဈာယ်တော်မူခဲ့ကြသည်။ ထို့နောက် နိုင်ငံတော်ယာယီသမ္မတနှင့်ဇနီးတို့က သန်လျင် မင်းကျောင်းဆရာတော်ဘုရားကြီး၊ ကော်မရှင်ဒု-ဥက္ကဋ္ဌမှ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ဆရာတော်ကြီး၊ နိုင်ငံတော်ယာယီသမ္မတ၏ဇနီးမှ သီလရှင်ဆရာကြီးနှင့် တက်ရောက်လာကြသူများက သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ဆက်ကပ်ခံယူမည့် ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့ပြင် မန္တလေးမြို့၊ […] The post ၂ဝ၂၆ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်ခံယူတော်မူမည့် ဆရာတော်ကြီးများအား နိုင်ငံတော် ယာယီသမ္မတနှင့်ဇနီးတို့က နေ့ဆွမ်းဆက်ကပ် appeared first on Popular .