အီရန်ခေါင်းဆောင် ခါမေနီ အပါအဝင် အီရန်ခေါင်းဆောင်များ သေဆုံးသွားပြီဟု အမေရိကန် သမ္မတထရမ့် ပြောကြား

ရန်ကုန်၊ မတ် ၁ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အမြင့်ဆုံးခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီသည် စနေနေ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့ပြီဆိုသည့် သတင်းများမှာ “မှန်ကန်သည်” ဟု မိမိယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ NBC သတင်းဌာနနှင့် ပြုလုပ်ခဲ့သော တိုတောင်းသည့် ဖုန်းအင်တာဗျူးတစ်ခုတွင် သမ္မတထရန့်က ခါမေနီသေဆုံးမှုသတင်းနှင့် ပတ်သက်၍ “အဲဒီသတင်းဟာ မှန်ကန်တဲ့သတင်းဖြစ်တယ်လို့ ကျနော်တို့ ခံစားရပါတယ်” ဟု ဖြေကြားခဲ့သည်။ ၎င်း၏ ပြောကြားချက်အရ အီရန်၏ ထိပ်သီးခေါင်းဆောင်ပိုင်း အမြောက်အမြားသည်လည်း အဆိုပါတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ကြောင်း သိရသည်။ “သမိုင်းမှာ အယုတ်မာဆုံးဆိုတဲ့ လူတွေထဲက တစ်ယောက်ဖြစ်တဲ့ ခါမေနီကတော့ သေသွားပါပြီ။ ဒါဟာ အီရန်ပြည်သူတွေအတွက်တင် မဟုတ်ဘူး၊ ခါမေနီကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့၊ ကိုယ်လက်အင်္ဂါတွေ ပျက်စီးခဲ့ရတဲ့ ကျနော်တို့ရဲ့ မွန်မြတ်လှတဲ့ အမေရိကန်နိုင်ငံသားတွေရော၊ ကမ္ဘာတစ်ဝန်းက […] The post အီရန်ခေါင်းဆောင် ခါမေနီ အပါအဝင် အီရန်ခေါင်းဆောင်များ သေဆုံးသွားပြီဟု အမေရိကန် သမ္မတထရမ့် ပြောကြား appeared first on Khit Thit Media .