အစ္စရေး၊ ဒူဘိုင်း၊ ယူအေအီးနှင့်ဘာရိန်းနိုင်ငံ အပါအဝင် အရှေ့အလယ်ပိုင်းဒေသရှိ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားထောင်ချီ စစ်ဘေးဒဏ်သင့် နေ၊ MAI က ဒူဘိုင်းလေယာဉ်ခရီးစဉ်များ ယာယီ ရပ်ဆိုင်းကြောင်း ကြေညာ

ယူအေအီးရှိ စစ်တပ်လက်အောက်ခံ မြန်မာသံရုံးကလည်း လိုက်နာရမည့် သတိပေးချက်များ အရေးပေါ်ထုတ်ပြန် ရန်ကုန်၊ မတ် ၁ အမေရိကန်နှင့်အစ္စရေးတို့က အီရန်နိုင်ငံကို တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး အီရန်ကလည်း အစ္စရေးနှင့် အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်စစ်စခန်းများကို တန်ပြန်တိုက်ခိုက်ခဲ့ရာ အဆိုပါဒေသများသို့ ရောက်ရှိနေသော မြန်မာ ရွှေ့ပြောင်းအလုပ်သမားထောင်ချီမှာလည်း စစ်ဘေးဒဏ်သင့်နေကြောင်း မြန်မာအလုပ်သမားများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှ စတင်ခဲ့သော အမေရိကန်နှင့်အစ္စရေး၏ တိုက် ခိုက်မှုများကို အီရန်နိုင်ငံက တန်ပြန်တိုက်ခိုက်သည့်အနေဖြင့် ဘာရိန်း၊ ယူအေအီး၊ ဆော်ဒီ၊ ကူဝိတ်၊ ဂျော်ဒန် အပါအဝင် အမေရိကန် စစ်အခြေစိုက်စခန်းရှိနေသော နေရာများအားလုံးကို ဒုံးကျည်များဖြင့် တိုက်ခိုက်နေခြင်းဖြစ်သည်။ ဘာရိန်းနိုင်ငံတွင် နေထိုင်သော မြန်မာနိုင်ငံသူ မထက်အောင်က အီရန်က ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော ဘာရိန်းနိုင်ငံရှိ အမေရိကန်ရေတပ်စခန်းဌာနချုပ်အနီးတွင် […] The post အစ္စရေး၊ ဒူဘိုင်း၊ ယူအေအီးနှင့်ဘာရိန်းနိုင်ငံ အပါအဝင် အရှေ့အလယ်ပိုင်းဒေသရှိ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားထောင်ချီ စစ်ဘေးဒဏ်သင့် နေ၊ MAI က ဒူဘိုင်းလေယာဉ်ခရီးစဉ်များ ယာယီ ရပ်ဆိုင်းကြောင်း ကြေညာ appeared first on Khit Thit Media .