Credit to Popular Journal - ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းဖွင့်လှစ်ရန် တည်ဆောက်ရေးလုပ်ငန်းများစတင်ဆောင်ရွက်နေပြီး စဆောက်ပြီးစီးနေသော အဆင့်မြင့်ရေကူးကန်မှာလည်းနွေရာသီရေကူးသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။ အားကစားနှင့်ကာယပညာသိပ္ပံ(ပုသိမ်) အမြန်ဆုံး ဖွင့်လှစ်နိုင်ရေးအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုမူလခွင့်ပြုရန်ပုံငွေဖြင့် စတင်ဆောက်လုပ်နေသော ပေ(၁၃၆ x ၄၄) (၁၀) ခန်းတွဲ (RC)သုံးထပ် သင်တန်းသားအိပ်ဆောင်၊ 315 KVA Transformer, 11 KVA, 0.4 Line မီးလိုင်းတပ်ဆင်ဆောင်ရွက်ခြင်း၊ကျောင်းအဝင်မုဒ်ဦးနှင့် အုတ်တံတိုင်းများ တည်ဆောက်ခြင်း၊ပေ(၁၂၀ x ၉၀) မိုးလုံလေလုံ အားကစားရုံတို့ကို ပုသိမ်မြို့ကိုသိန်းအားကစားကွင်းမှာ တည်ဆောက်နေကြောင်းသိရသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု မူလ ခွင့်ပြုရန်ပုံငွေဖြင့် ပုသိမ်မြို့ အဆင့်မြင့်ရေကူးကန်အတွင်းရှိ မီတာ(၅၀) ရေကူးကန် လည်းတည်ဆောက်ပြီးစီးနေကြောင်းသိရသည်။ The post ပုသိမ်မြို့တွင် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းဖွင့်မည် appeared first on Popular .