ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာများက အတည်ပြု

Credit to Popular Journal - အီရန်ခေါင်းဆောင် အသက် ၈၆ နှစ်အရွယ်ရှိ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာများက အတည်ပြုခဲ့သော်လည်း သေဆုံးရသည့်အကြောင်းအရင်းကိုမူ သီးခြားဖော်ပြခြင်းမရှိချေ။ ​ခါမေနီသည် အီရန်၏ ပထမဆုံးအဓိပတိ ရူဟောလာ ခိုမေနီ၏ ဆက်ခံသူအဖြစ် ခန့်အပ်ခြင်းခံရချိန်တွင် အသက် ၅၀ မျှသာ ရှိသေးသည်။ ​သူဆက်ခံခဲ့သော ရာထူးသည် ကြီးမားသော ထိန်းချုပ်ခွင့်အာဏာများကို ရရှိထားပြီးဖြစ်သော်လည်း ခါမေနီသည် ထိုထက်ပို၍ အာဏာကို တိုးချဲ့ခဲ့သည်။ သူပုံဖော်ခဲ့သော အီရန်နိုင်ငံသည် သူ့တစ်ဦးတည်းကိုသာ ဗဟိုပြု၍ လည်ပတ်နေခဲ့ခြင်းဖြစ်သည်။ ခါမေနီကို အသေအပျောက်ဖြစ်စေခဲ့သော တိုက်ခိုက်မှုသည် “အီရန်ပြည်သူများအတွက် ၎င်းတို့၏နိုင်ငံကို ပြန်လည်ရယူရန် အကြီးမားဆုံးသော အခွင့်အရေး” ဖြစ်သည်ဟု ဆိုကာ အီရန်လူမျိုးများအား အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလှုံ့ဆော်ခဲ့သည်။ The post ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာများက အတည်ပြု appeared first on Popular .