တိုက်ဆိုင်မှုလော၊ ပစ်မှတ်ထားမှုလော – ဒေါ်သက်သက်ခိုင်၏ နိုင်ငံရေးနိဂုံးကို ဆန်းစစ်ခြင်း

NLD မှ ခွဲထွက်လာသူ၊ “တတိယအင်အားစု” ထူထောင်နေသူများထဲမှ ထင်ရှားသူ ဒေါ်သက်သက်ခိုင်သည် စစ်ဗိုလ်ချုပ်များ၏ ခေါ်ယူအသုံးချ၊ စွန့်ပစ်မှု ခံလိုက်ရသဖြင့် လမ်းဆုံးသို့ ရောက်သွားသူ ဖြစ်လာသည်။