Credit to Popular Journal - အီရန်နိုင်ငံ၏ ခေါင်းဆောင် ခါမေနီနှင့် အခြားခေါင်းဆောင်များ အမေရိကန်နှင့် အစ္စရေးတို့၏ ပူပေါင်းထိုးစစ်ကြောင့် သေဆုံးသွားကြပြီဟု ထရမ့်က သူ၏ Truth လူမှုကွန်ရက်အကောင့်တွင်ရေးသားထားသည်။ “ကျွန်ုပ်တို့နှင့် အစ္စရေးတို့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုကြောင့် ထောက်လှမ်းရေးနှင့် အလွန်ခေတ်မီဆန်းသစ်သော ခြေရာခံစနစ်များကို ရှောင်ကွင်းနိုင်ခြင်း မရှိခဲ့ဘဲ၊ သူ(ခါမေနီ)နှင့်အတူ သေဆုံးခဲ့ကြသည့် အခြားခေါင်းဆောင်များအနေဖြင့် မည်သို့မျှ မတတ်နိုင်ခဲ့ကြပေ”ဟုလည်း ထရမ့်က ထည့်သွင်းရေးသားထားသည်။ ထို့အပြင် “အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့(IRGC) နှင့် ရဲတပ်ဖွဲ့ဝင်များသည် အီရန်မျိုးချစ်များနှင့် ငြိမ်းချမ်းစွာ ပူးပေါင်းပြီး နိုင်ငံတော်အား ထိုက်တန်သော ကြီးကျယ်ခမ်းနားမှုဆီသို့ ပြန်လည်ရောက်ရှိအောင် တညီတညွတ်တည်း လုပ်ဆောင်ကြလိမ့်မည်ဟု မျှော်လင့်ပါသည်။ ခါမေနီ သေဆုံးသွားရုံသာမက တစ်ရက်အတွင်းမှာပင် နိုင်ငံတော်သည် အလွန်အမင်း ပျက်စီးပြုန်းတီးသွားခဲ့ရပြီ ဖြစ်သောကြောင့် ထိုလုပ်ငန်းစဉ်ကို မကြာမီ စတင်သင့်ပြီဖြစ်သည်။ သို့သော်လည်း ပြင်းထန်ပြီး တိကျလှသော […] The post အီရန်ခေါင်းဆောင် ခါမေနီ သေဆုံးသွားပြီဟု ထရမ့်ဆို appeared first on Popular .