Credit to Popular Journal - ရှမ်းပြည်နယ်ရှိ အင်းလေးဒေသ နိုင်ငံခြားသားခရီးသွားဇုန် ဝင်ခွင့်ကောက်ခံခြင်းလုပ်ငန်းကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် လေလံစနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ အဆိုပါလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်လိုသူများသည် လေလံလျှောက်လွှာပုံစံများကို ဖေဖော်ဝါရီ ၂၇ ရက်မှ မတ်လ ၁၃ ရက်အထိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ကိုယ်တိုင်လာရောက်ဝယ်ယူနိုင်ကြောင်း ကြေညာထားသည်။ လေလံဖွင့်လှစ်ခြင်းကို မတ်လ ၁၆ ရက် နံနက် ၁၀ နာရီတွင် ပြုလုပ်မည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ စီမံနှင့် ဘဏ္ဍာရေးဌာနသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။ လေလံအောင်မြင်သူအနေဖြင့် ၂၀၂၆ ခုနှစ် မတ်လမှ ၂၀၂၇ ခုနှစ် မတ်လအထိ တစ်နှစ်တာကာလအတွင်း လုပ်ငန်းကို တာဝန်ယူဆောင်ရွက်ခွင့် ရရှိမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။ The post အင်းလေးဒေသ နိုင်ငံခြားသားခရီးသွားဇုန် ဝင်ခွင့်ကောက်ခံခြင်းလုပ်ငန်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် လေလံခေါ်ယူမည် appeared first on Popular .