ဒူဘိုင်းလေဆိပ်နှင့် အယ်လ်အာရပ်ဘ်ဟိုတယ်ဒုံးကျည်များ ထိမှန်ပျ-က်စီး

Credit to Popular Journal - အီရန်၏ လက်စားချေတိုက်ခိုက်မှုများသည် အမေရိကန်အခြေစိုက်စခန်းများနှင့် အကျိုးစီးပွားများကို ကျော်လွန်၍ ပင်လယ်ကွေ့နိုင်ငံများနှင့် အရှေ့အလယ်ပိုင်းဒေသတစ်လွှား ပျ-က်စီးဆုံးရှုံးမှုများကြုံတွေ့လျက်ရှိရာတွင် ဒူဘိုင်းနိုင်ငံတကာလေဆိပ်နှင့် မြို့၏ အထင်ကရ Burj Al Arab ဟိုတယ်လို့လည်း ပျ-က်စီးခဲ့သည်။         လေဆိပ်တွင် လူလေးဦးဒ-ဏ်ရာရရှိခဲ့သည်ဟု အာရပ်စော်ဘွားများပြည်ထောင်စု၏ မီဒီယာရုံးက မတ်လ ၁ ရက် နေ့ နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။       ဖြစ်စဉ်အတွင်း ဒူဘိုင်းနိုင်ငံတကာ (DXB) ရှိ ခန်းမဆောင်တစ်ခုသည် အနည်းငယ် ထိခိုက်ပျ-က်စီးမှုဖြစ်ခဲ့ပြီး ယင်းကို လျင်မြန်စွာ ထိန်းချုပ်နိုင်ခဲ့ကြောင်း အသေးစိတ်အချက်အလက်များမပါဝင်ဘဲ ဒူဘိုင်းမီဒီယာရုံးက X ပေါ်တွင် ပြောကြားခဲ့သည်။        ဒရုန်းတစ်စင်းကို ကြားဖြတ်ပ-စ်ချခဲ့ကြောင်းနှင့် ဒရုန်းပျက်အပိုင်းအစများကြောင့် Burj Al Arab ဟိုတယ်မျက်နှာစာတွင် အသေးစားမီးလေ-ာင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း နောက်ပိုင်းတွင် အတည်ပြုခဲ့သည်။         ဒူဘိုင်းသည် အရှေ့အလယ်ပိုင်းတွင် အကြီးဆုံးခရီးသွားလုပ်ငန်းနှင့် ကုန်သွယ်ရေးဗဟိုချက်ဖြစ်ပြီး ၎င်း၏ လေဆိပ်သည် ကမ္ဘာ့လေယာဉ် အဝင်အထွက် […] The post ဒူဘိုင်းလေဆိပ်နှင့် အယ်လ်အာရပ်ဘ်ဟိုတယ်ဒုံးကျည်များ ထိမှန်ပျ-က်စီး appeared first on Popular .