Credit to Popular Journal - ပဲစျေးများကောင်းနေချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ယခုနှစ်ပဲအထွက်နှုန်း ကျဆင်းခဲ့ကြောင်းသိရသည်။ ဖောင်းပြင်မြို့နယ်အတွင်းရှိကျေးရွာများမှ တောင်သူများအနေဖြင့် ဆောင်းသီးနှံ မြေပဲ၊ မြေထောက်ပဲနီ၊ မြေထောက်ပဲဖြူ၊ ပဲစာဥ၊ ပုဂံပဲ၊ ပဲယင်း၊ ပဲနီလုံး၊ ပဲနက်နှင့် စားတော်ပဲစသည့် ပဲမျိုးစုံကို အဓိကအားထားစိုက်ပျိုးခဲ့ကြရာ သီးနှံများပေါ်နေပြီဖြစ်သည်။ ” ပဲဈေးကောင်းမရခဲ့တာ (၃) နှစ်ရှိပါပြီ။ ဒီနှစ်မှာ ဈေးကောင်းတယ်။ ဒါပေမဲ့ ပဲအထွက်နည်းတယ်။ ပဲပွဲစားတွေက ဈေးနှုန်းမြင့်ပြီး ပေးဝယ်နေကြတော့ ငွေလိုနေတဲ့ တောင်သူတွေက ပြန်စိုက်ဖို့ မျိုးမချန်တော့ဘဲ ရောင်းကြတယ်လို့ ကြားနေရတယ်” ဟု ပိုးစာကုန်းကျေးရွာက ပဲစိုက်တောင်သူ တစ်ဦးက ပြောသည်။ တောင်သူများအနေဖြင့် စိုက်ပျိုးရေးသုံး ပစ္စည်းများဖြစ်သည့် စက်သုံးဆီ ဒီဇယ်နှင့် အပင်အားဆေး၊ ပေါင်းသတ်ဆေးများ ဈေးနှုန်းမြင့်မားခဲ့မှုနှင့် ပြတ်လပ်မှုတို့ကြောင့် လိုအပ်သလို ဝယ်ယူအသုံးမပြုနိုင်သည့်အတွက် ပဲအထွက်နှုန်းကျဆင်းရခြင်းဖြစ်ကြောင်း သိရသည်။ […] The post ပဲစျေးကောင်းချိန် ဖောင်းပြင်မြို့နယ်တွင် ပဲအထွက်ကျဆင်း appeared first on Popular .