ဒေသဆိုင်ရာ လေပိုင်နက်ပိတ်သိမ်းမှုများကြောင့် MAI ၏ ဒူဘိုင်းခရီးစဉ်များ ယာယီရပ်ဆိုင်း

Credit to Popular Journal - ၂၀၂၆ ခုနှစ် မတ်လ (၁) ရက်တွင် ဒေသဆိုင်ရာ လေပိုင်နက်များ အများအပြား ပိတ်ထားခြင်းကြောင့် Myanmar Airwa ys International (MAI) ၏ ဒူဘိုင်းမြို့သို့ သွား/ပြန် လေကြောင်းခရီးစဉ်များကို ယာယီရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်ကြေညာထားသည်။ အဆိုပါ လေပိုင်နက်ပိတ်သိမ်းမှုများကြောင့် လေယာဉ်လမ်းကြောင်းများတွင် လုံခြုံရေးနှင့် လည်ပတ်ရေးဆိုင်ရာအခက် အခဲများ ဖြစ်ပေါ်နိုင်သဖြင့် ခရီးသည်များ၏ လုံခြုံရေးကို အဓိကထား၍ ယာယီရပ်ဆိုင်းခြင်းဖြစ်ကြောင်း သိရသည်။ MAI အနေဖြင့် ခရီးစဉ်များ ပြန်လည်စတင်နိုင်မည့် အချိန်ကို သက်ဆိုင်ရာ အာဏာပိုင်များနှင့် လေကြောင်းဆိုင်ရာ အ ခြေအနေများအပေါ် မူတည်၍ ဆက်လက် အသိပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။ လက်ရှိတွင် လေယာဉ်လက်မှတ် ဝယ်ယူထားပြီးသား ခရီးသည်များအား လက်မှတ်ပြန်အမ်းခြင်း သို့မဟုတ် ခရီးစဉ် ပြန်လည်စီစဉ်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း […] The post ဒေသဆိုင်ရာ လေပိုင်နက်ပိတ်သိမ်းမှုများကြောင့် MAI ၏ ဒူဘိုင်းခရီးစဉ်များ ယာယီရပ်ဆိုင်း appeared first on Popular .