ကူဝိတ်နိုင်ငံရောက်မြန်မာနိုင်ငံသားများ အရေးပေါ်အကူအညီလိုအပ်ပါက မြန်မာသံရုံးသို့ဆက်သွယ်နိုင်

Credit to Popular Journal - လက်ရှိအချိန်တွင်ဖြစ်ပေါ်လျက်ရှိသည့် ပဋိပက္ခဖြစ်စဥ်များကြောင့် ကူဝတ်နိုင်ငံတွင်ရောက်ရှိနေသည့် မြန်မာ နိုင်ငံသားများ အရေးပေါ်အကူအညီလိုအပ်ပါက မြန် မာသံရုံး၊ ကူဝိတ်မြို့သို့ဆက်သွယ်နိုင်ကြောင်း အသိ ပေးခဲ့သည်။ အရေးပေါ်အကူအညီများလိုအပ်ပါက မြန်မာသံရုံး၊ ကူဝိတ်မြို့၏ ဖုန်း၊ +965 25240736 နှင့် အီးမေးလ် myankuwait11@gmail.com တို့သို့ဆက်သွယ်အကူအညီတောင်းခံနိုင်သည်ဟု အသိပေးခဲ့သည်။ ထို့ပြင် ကူဝိတ်နိုင်ငံတွင်ရောက်ရှိနေသော မြန်မာနိုင်ငံသားများအနေဖြင့် အရေးပေါ်အချက်ပေးသံများကို ဂရုစိုက်နားထောင်၍ ထုတ်ပြန်ချက်များအတိုင်း လိုက် နာစောင်ရွက်နိုင်ရေးအသင့်ပြင်ထားရန်၊ ကူဝိတ်အစိုးရနှင့် မြန်မာသံရုံးမှထုတ်ပြန်သော သတင်းများကိုပုံမှန်စောင့်ကြည့်ရန်လည်း တိုက်တွန်းထားသည်။ အလုပ်ချိန်အတွင်းဖြစ်ပါက မိမိတို့အလုပ်မှ ညွှန်ကြား သည် အရေးပေါ်လုံခြုံရေးဆိုင်ရာအချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ မိမိတို့၏ နိုင်ငံကူးလက်မှတ်၊ အရေးကြီးစာရွက်စာတမ်းများ၊ ရေနှင့်အစားအစာများ၊ ဖုန်း၊ ဆေးဝါးများ၊ Power Bank ၊ အဝတ်အစားများ နှင့် ကိုယ်ပိုင်အသုံးအဆောင်များကို စုစည်းပြင်ဆင်ထားရန် တိုက်တွန်းထားသည်။ ထို့ပြင် […] The post ကူဝိတ်နိုင်ငံရောက်မြန်မာနိုင်ငံသားများ အရေးပေါ်အကူအညီလိုအပ်ပါက မြန်မာသံရုံးသို့ဆက်သွယ်နိုင် appeared first on Popular .