Credit to Popular Journal - ယနေ့ မတ်လ ၁ ရက်တွင် မြန်မာနိုင်ငံရဲ့အကြီးကျယ်အခမ်းနားဆုံး အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကြီး အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီ ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲတွင် မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူပေါင်း ၂၀၀၀ ကျော်၊ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူပေါင်း ၂၀၀၀ ကျော် နှင့် အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူပေါင်း တစ်ထောင်ကျော်တို့ ပါဝင်ယှဉ်ပြိုင်ကြကာ၊ မြို့နယ်ကျောင်းအလိုက် ကြီးကြပ်သူ ဆရာ၊ ဆရာမပေါင်း တစ်ရာကျော် ပါဝင်ခဲ့သည်။ ယခုပြိုင်ပွဲအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာအာကာသအေဂျင်စီနှင့် အာကာသပြတိုက် (ရန်ကုန်) တို့မှ ပြည်သူ့ရင်ပြင်တွင် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၁ ရက်ထိ ကြီးမှူးကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။ The post မြန်မာနိုင်ငံရဲ့အကြီးကျယ်အခမ်းနားဆုံး အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကြီး အောင်မြင်စွာ ပြီးမြောက် appeared first on Popular .