ထိုင်းကဒေသတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုများကိုအာဆီယံဥက္ကဌကိုရှင်းပြ

Credit to Popular Journal - ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖောင်ကတ်ကောသည် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာပီလာဇာရိုနှင့် ဆွေးနွေးမှုအတွင်း ဒေသတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုများအပေါ် ထိုင်းနိုင်ငံ၏ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့ပြီး မနီလာ၏ အာဆီယံစောင့်ကြည့်ရေးအဖွဲ့(AOT) ဦးဆောင်မှုအခန်းကဏ္ဍအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ သောကြာနေ့က ဖုန်းဆက်ဆွေးနွေးမှုအတွင်း မစ္စတာ စီဟာဆက်သည် ဖေဖော်ဝါရီလ ၁၈ ရက် နေ့က ဖူးခက်တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် အလွတ်သဘောတွေ့ဆုံခဲ့မှုအကြောင်းကိုလည်း အာဆီယံဥက္ကအဖြစ်တာဝန်ထမ်းဆောင်နေသော မစ္စစ် လာဇာရိုကို ရှင်းပြခဲ့သည်။ ဆွေးနွေးမှုအတွင်း အာဆီယံနှင့် မြန်မာနိုင်ငံအကြား ချိန်ညှိပြီး တဖြည်းဖြည်းပြန်လည်ထိတွေ့ဆက်ဆံရန်ဟူသော ထိုင်း၏ အဆိုပြုချက်အပြင် မြန်မာပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပံ့ပိုးရာတွင် အာဆီယံ၏ အခန်းကဏ္ဍကို ပြန်လည်သုံးသပ်ခဲ့သည်။ ဆွေးနွေးမှုနှင့် ယုံကြည်မှုတည်ဆောက်ရေး အစီအမံများကို လွယ်ကူချောမွေ့စေရန်အတွက် အာဆီယံနှင့် မြန်မာနိုင်ငံအကြား ပေါင်းကူးတံတားအဖြစ် ဆောင်ရွက်ရန် ထိုင်း၏ […] The post ထိုင်းကဒေသတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုများကိုအာဆီယံဥက္ကဌကိုရှင်းပြ appeared first on Popular .