Credit to Popular Journal - အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသည့် ထိပ်တိုက်ရင်ဆိုင်မှုများအတွင်း အိုမန်နိုင်ငံ၊ ဒူကမ် (Duqm) ဆိပ်ကမ်း ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် တစ်ဦး ဒဏ်ရာရရှိခဲ့သည်။ အိုမန်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းရှိ ဒူကမ် စီးပွားရေးဆိပ်ကမ်းသို့ ဒရုန်းနှစ်စင်း ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် နိုင်ငံခြားသား အလုပ်သမားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အိုမန်အစိုးရပိုင် မီဒီယာက တနင်္ဂနွေနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အိုမန်သတင်းအေဂျင်စီ (ONA) က တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ အယ်လ်ဝါစတာ (Al Wusta) ပြည်နယ်၊ ဒူကမ်မြို့တွင် တည်ရှိသော အဆိုပါဆိပ်ကမ်းသည် “ဒရုန်းနှစ်စင်း၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရသည်” ဟု ဖော်ပြထားသည်။ ဒရုန်းတစ်စင်းမှာ အလုပ်သမားအိမ်ရာကို ထိမှန်ခဲ့သဖြင့် နိုင်ငံခြားသား အလုပ်သမားတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး၊ ဒုတိယမြောက် ဒရုန်း၏ အပိုင်းအစများမှာ လောင်စာဆီသိုလှောင်ကန်များ အနီးသို့ ကျရောက်ခဲ့သော်လည်း […] The post အိုမန်နိုင်ငံ၊ ဒူကမ်ဆိပ်ကမ်း ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် တစ်ဦး ဒဏ်ရာရ appeared first on Popular .