ရန်ကုန်၊ မတ် ၁ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ဘတ်ဖလိုးမြို့တွင် မြန်မာနိုင်ငံမှ လာရောက်ခိုလှုံသူ ဒုက္ခသည်တစ်ဦးဖြစ်သည့် ဦးနူးရူးအာမင်း ရှာအလမ် သေဆုံးမှုနှင့် ပတ်သက်၍ တာဝန်ရှိသူများက တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန်အတွက် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ လူပေါင်းများစွာက စုဝေးကာ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ မျက်စိကွယ်လုနီးပါးဖြစ်နေပြီး အင်္ဂလိပ်စကား မပြောတတ်သည့် ဦးရှာအလမ်ကို အမေရိကန်နယ်စပ်လုံခြုံရေးအေးဂျင့်များ (Border Patrol) က ၎င်း၏နေအိမ်နှင့် ၅ မိုင်ခန့်ဝေးသော Tim Horton’s ကော်ဖီဆိုင်တစ်ခုတွင် ထားပစ်ခဲ့ကြောင်း၊ ထိုသို့ထားပစ်ခဲ့ပြီး ရက်အနည်းငယ်အကြာတွင် ၎င်းကို သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ သေဆုံးမှုဖြစ်စဉ်အတွက် ICE ကို တာဝန်ယူခိုင်းခြင်းပြီး လူဝင်မှုကြီးကြပ်ရေးနှင့် အကောက် ခွန်အာဏာပိုင်အဖွဲ့ (ICE) အနေဖြင့် ဤသေဆုံးမှုအတွက် တာဝန်ခံရန် […] The post အမေရိကန်နယ်စပ်လုံခြုံရေးတပ်ဖွဲ့၏ ချန်ထားရစ်ခဲ့မှုကြောင့် သေဆုံးခဲ့သော မြန်မာဒုက္ခသည် ဦးနူးရူးအာမင်း ရှာအလမ် အတွက် တရားမျှတမှုရရှိရေး ဘတ်ဖလိုးမြို့တွင် တောင်းဆိုဆန္ဒပြ appeared first on Khit Thit Media .