ရန်ကုန်၊ မတ်လ ၁ ကရင်အမျိုးသားအစည်းအရုံး-KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၏ အမိန့်ဖြင့် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား၊ အကျဉ်းသူ ၂၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း KNU က တရားဝင် သတင်းထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ KNU – ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ၏ အမိန့်အမှတ် ၁/၂၀၂၆ အရ ခလယ်လွီထူခရိုင် အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား ၂၄ ဦးနှင့် အကျဉ်းသူ ၅ ဦး စုစုပေါင်း ၂၉ ဦးကို လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်ပေးခဲ့ကြောင်း သိရသည်။ KNU ပြည်ထဲရေးနှင့် သာသနာရေးဌာန၊ အကျဉ်းဦးစီးဌာနက ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ မတိုင်မီ ပြစ်မှုတစ်ခုခု ကျူးလွန်ခဲ့သူများကို ကော်သူးလေ […] The post KNU ဥက္ကဋ္ဌ၏ အမိန့်ဖြင့် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား၊ အကျဉ်းသူ ၂၉ ဦးကို လွတ်ငြိမ်း ချမ်းသာခွင့်ပြုလိုက်ပြီး အခြားအကျဉ်းသားအကျဉ်သူများကို ပြစ်ဒဏ်များ လျှော့ပေါ့ပေး appeared first on Khit Thit Media .