Credit to Popular Journal - အမှုထမ်းသက်အလိုက် လစဥ်(၁)သိန်းကျပ်အထိ တာဝန်ထမ်းဆောင်မှုအထူးထောက်ပံ့ကြေးကို မတ် ၁ ရက်မှစတင်၍ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအားထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်တွင် အမှုထမ်းသက် (၂၀)နှစ်ပြည့်မြောက်သည့် အမှုထမ်းသက်(၂၀)နှစ်နှင့် အထက် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအား လစဉ်(၁၀၀,၀၀၀)ကျပ်ကို တာဝန်ထမ်းဆောင်မှုအထူးထောက်ပံ့ကြေးအဖြစ်ချီးမြှင့်သွားမည်ဖြစ်သည်။ ထို့ပြင် အမှုထမ်းသက်(၁၀)နှစ်ပြည့်မြောက်သည့် အမှုထမ်းသက်(၁၀)နှစ်နှင့်အထက်အား လစဉ်(၃၀,၀၀၀) ကျပ်၊ ၂၀၂၆ ခုနှစ်၊ အမှုထမ်းသက်(၁၅)နှစ်ပြည့်မြောက်သည့် အမှုထမ်းသက်(၁၅)နှစ်နှင့်အထက်အား လစဉ်(၅၀,၀၀၀)ကျပ်စီအား တာဝန်ထမ်းဆောင်မှုအ ထူးထောက်ပံ့ကြေးအဖြစ်ချီးမြှင့်သွားမည်ဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြသည့် တပ်မတော်သားများနှင့် ရဲ တပ်ဖွဲ့ဝင်များသည် တာဝန်ထမ်းဆောင်ရသည့် သဘောသဘာဝအရ ရာသီမရွေး၊ နေရာမရွေး၊ ချိန်ခါမရွေးပင်ပန်းကြမ်းတမ်းစွာ သက်စွန့်တာဝန်ထမ်းဆောင်ရခြင်း၊ တာဝန်ထမ်းခဲ့သည့်ကာလတစ်လျောက် ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခြင်းတို့အား နိုင်ငံတော်က အသိအမှတ်ပြုကာဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်သည်။ The post လစဥ်(၁)သိန်းကျပ်အထိ တာဝန်ထမ်းဆောင်မှုအထူးထောက်ပံ့ကြေးရရှိမည့် တပ်မတော်သားများနှင့် ရဲ တပ်ဖွဲ့ဝင်များ appeared first on Popular .