အီရန်က လက်တုံ့ပြန် လက်စားချေမည်ဟု ကြေညာပြီးနောက် အမေရိကန်သမ္မတ ထရန့်က အီရန်ကို တစ်ကြိမ်တစ်ခါမှ မမြင်ဖူးသည့် စစ်အင်အားဖြင့် တုံ့ပြန်မည်ဟု အပြင်းထန်ဆုံး သတိပေး

ရန်ကုန်၊ မတ် ၁ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်နိုင်ငံ၏ လက်စားချေခြိမ်းခြောက်မှုအပေါ် ပြင်းထန်သော တုံ့ပြန်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ယနေ့တွင် ရာဇသံပေးလိုက်သည်။ အမေရိကန်သမ္မတ ထရန့်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ယင်းကဲ့သို့ ရာဇသံပေးလိုက်ခြင်းဖြစ်သည်။ “အီရန်နိုင်ငံဟာ ဒီနေ့မှာ သူတို့အရင်က လုပ်ခဲ့ဖူးသမျှထက် ပိုမိုပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ လုပ် ဆောင်တော့မယ်လို့ အခုလေးတင် ကြေညာလိုက်ပါတယ်။ သူတို့ အဲဒီလို မလုပ်မိဖို့ တားမြစ်ချင်ပါတယ်။ တကယ်လို့သာ သူတို့ဘက်က စတင်လုပ်ဆောင်လာမယ်ဆိုရင် ကျွန်တော်တို့ဘက်ကလည်း ကမ္ဘာပေါ်မှာ တစ်ခါမျှ မမြင်ဖူးသေးတဲ့ အင်အားမျိုးနဲ့ သူတို့ကို ပြန်လည်တိုက်ခိုက် ချေမှုန်းသွားမှာပါ” ဟု အမေရိကန်သမ္မတထရမ့်က ပြောဆိုသည်။ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က အစ္စရေးနှင့် အမေရိကန် စစ်စခန်းများကို “သမိုင်းတွင် အပြင်းထန်ဆုံး” စစ်ဆင်ရေးဖြင့် […] The post အီရန်က လက်တုံ့ပြန် လက်စားချေမည်ဟု ကြေညာပြီးနောက် အမေရိကန်သမ္မတ ထရန့်က အီရန်ကို တစ်ကြိမ်တစ်ခါမှ မမြင်ဖူးသည့် စစ်အင်အားဖြင့် တုံ့ပြန်မည်ဟု အပြင်းထန်ဆုံး သတိပေး appeared first on Khit Thit Media .